Thursday, July 7, 2016

Batch File ရေးသားခြင်း ၂ ( Hello World Program တစ်ခုစတင်ခြင်း )

Image result for Batch file

Notepad ကိုသုံးပြီး Hello world Program တစ်ခုရေးကြပါမယ်။ Notepad ကိုဖွင့်လိုက်ပါ။ အောက်မှာကျွန်တော်ရေးထားသလို Notepad ထဲမှာရေးထည့်ပေးပါ။
@echo off
echo Hello World.
Pause
အပေါ်ကပေးထားတဲ့ ကုဒ်သုံးကြောင်းကို Notepad မှာရေးထည့်ပါ။ ပြီးရင် Ctrl + S ကိုနှိပ်ပြီး Hw.bat ဆိုပြီးသိမ်းပေးပါ။

 
Save တာကိုအလွယ်တကူရှာတွေ့မယ့် Desktop ပေါ်မှာဆိုပိုအဆင်ပြေပါမယ်။ အခု save လုပ်ထားတဲ့ Program ကို Run ကြည့်ပါ။ အပေါ်ကလိုလေးပါ။
ရေးသွားတဲ့ code တွေကိုပြန်ကြည့်မယ်ဆိုရင် @echo off ကတော့ ရှေ့ကနေပေါ်နေမယ့် C:\Users:\... အစရှိတဲ့ Resuorce Path တွေကို ရှင်းပစ်ဖို့ပါ။
echo Hello World ဆိုတာကတော့ Batch file Program တိုင်းမှာ ကိုယ်ဖော်ပြချင်တဲ့ စာသားတွေရဲ့ရှေ့မှာ echo ထည့်ပေးရတာပါ။
 ဒီမှာတော့ Hello World ကိုဖော်ပြပေးချင်လို့ Hello World ရှေ့မှာ echo ကိုခံပေးထားတာပါ။ echo မပါပဲ Run ကြည့်ပါ။
"Hello is not regonized as an external or internal command"ဆိုပြီး ပြနေမှာပါ။
အောက်ဆုံးက Pause ကတော့ အလုပ်ဆက်မလုပ်တော့အောင် ရပ်လိုက်တာပါ။ Program ကို Run အပြီး Press any key to continue ဆိုရင် Key တစ်ခုခု
နှိပ်ပေးလိုက်ပါ။ Program ကပိတ်သွားပါလိမ့်မယ်။ ဒီ Program မှာတော့ နောက်ထပ်အလုပ်ထပ်ထည့်မထားလို့ချက်ချင်းပိတ်သွားတာပါ။ အလုပ်ထည့်ထား
တယ်ဆိုရင် Key ကိုနှိပ်လိုက်တာနဲ့ နောက်အလုပ်တစ်ခုကိုဆက်သွားမှာပါ။
Hello World နေရာမှာ အခြားမိမိဖော်ပြချင်တဲ့ နာမည်တွေကို ဖော်ပြလို့ရပါတယ်။ တစ်ကြောင်းနဲ့တစ်ကြောင်း ခြားနေစေချင်ရင်တော့
echo. ဆိုတာလေးနဲ့ခြားပေးလို့ရပါတယ်။ စမ်းကြည့်ပါဦး။ အမြင်ရှင်းသွားတာပေါ့။

0 comments:

Post a Comment