Friday, November 4, 2016

Device Driver အကြောင်း



 
ကွန်ပျူတာ အသုံးအနှုန်းတွင်  Driver ဆိုသည်မှာ ကွန်ပျူတာတစ်လုံးကို ချိတ်ဆက်ထားသော Devices များကို ထိန်းချုပ်နိုင်သည့် Program ဖြစ်သည်။ ဥပမာ Printer Driver , Graphic Driver , Wifi Adapter Driver စသည်ဖြင့် Driver ပေါင်းများစွာရှိသည်။ Printer နှင့် ချိတ်ဆက်အသုံးပြုမည်ဆိုလျှင် Printer Driver လိုအပ်ပြီး Wifi အသုံးပြုလိုလျှင် Wifi Driver လိုအပ်သည်။ ပုံမှန်အားဖြင့် Driver အများစုကို Operating System (OS) ထဲတွင် ထည့်သွင်းပေးထားပြီးဖြစ်သော်လည်း အသစ်ထွက် Device များအတွက် Driver များကိုမူ အပြင်မှ ကိုယ်တိုင် Install လုပ်ပေးရမည်ဖြစ်သည်။
Driver File များ ၏ Extension မှာ .inf (setup information file ) ဖြစ်သည်။
(Figure.1)

အထက်ပါပုံတွင် .inf ဖြင့်ဆုံးသော (.inf   Extension ပါသော ) android_winusb.inf ဖိုင်သည် Driver ဖိုင်ဖြစ်သည်။


Driver File (.inf) ကို Install လုပ်ခြင်း

Device Driver File (.inf) များကို Install လုပ်ရန် နည်းလမ်းများစွာရှိပါတယ်။အဆင်ပြေသော နည်းကို သုံးပြီး Install လုပ်နိုင်ပါတယ်။

Method (1)
Install လုပ်လိုသော Driver File  (.inf) ပေါ်တွင် Right Click နှိပ်ပါ။ Install ကို ရွေးပြီး Install လုပ်ပါ ။

(Figure.2)

Method (2)
အချို့ Driver များသည် Internet မှ Download ချရာတွင် Installer Program ပါ တစ်ပါတည်းပါလာတတ်သည်။ ထိုသို့သော Driver များကို မူ အတူပါလာသော Installer Program (.exe) file ကို Right Click နှိပ်ပြီး Run As Administrator ဖြင့် Run ပြီး Install လုပ်နိုင်သည်။
(Figure.3)

Driver များကို Install လုပ်ရတွင် (ဒီ Driver ရဲ့ ထုတ်လုပ်သူကို မသိပါ ) ဟု Warnning စာများ တက်လာတတ်သည် ။ Install This Driver Software Anyway ကို ရွေးပေးရပါမယ်။ အောက်ကပုံတွင်ကြည့်ပါ ။
(Figure.4)
Method (3)
Install Program လဲ မပါ  Right Click + Install ဖြင့်လည်း Install လုပ်လို့မရသော Driver File (.inf) များရှိပါသည်။ ထိုသို့သော Driver များကို Command ဖြင့် Install လုပ်လို့ရပါတယ်။
Driver File (.inf) ပါသော Folder ကို Desktop ပေါ်လို့ Copy ကူးပါ ။ Desktop ပေါ်ရွှေ့ထားသော Driver Folder ထဲဝင်ပါ ။ အပေါ်က address bar ကို Right click နှိပ်ပြီး Copy Address ကို ရွေးပေးပါ။

(Figure.5)

Window Key ကို တစ်ချက်နှိပ်ပြီး cmd ဟုရိုက်ပါ . cmd.exe ကို Right Click > Run As Administrator ဖြင့် Run ပါ ။
(Figure.6)

cmd window ထဲတွင်  cd   လို့ရိုက်ပါ ။ space bar တစ်ချက်နှိပ်ပါ ။ right click ကို နှိပ်ပြီး paste ကို ရွေးပေးပါ ။ ပြီးရင် Enter ကို နှိပ်ပါ ။
(Figure.7)

(Figure.8)
Enter နှိပ်ပြီးလျှင် အောက်ပါ command ကို အတိအကျ ရေးပါ ။ Install လုပ်နေလိမ့်မည်။
pnputil      -i      -a     *.inf
(Figure.9)


Install လုပ်သည့် Process ပြီးသွားလျှင် Install လုပ်ခဲ့သည့် Driver File အရေအတွက်နှင့် အောင်အောင်မြင်မြင် ထည့်နိုင်သည့် Driver အရေအတွက်ကိုဖော်ပြပေးလိမ့်မည်။
(Figure.10)


Method (4)
Device Manager မှ Install လုပ်ခြင်း
ကွန်ပျူတာမှ Device Manager ကိုဖွင့်ပါ .Device Manager ကိုဖွင့်ရန် နည်းလမ်းတွေအများကြီးရှိပါတယ် . အဆင်ပြေရာနှင့်ဖွင့်ပါ . ကျွန်တော်နည်းလမ်းတစ်ခုရေးပြပါမယ် ။
-My Computer ကို Right Click နှိပ်ပြီး Manager ကို ရွေးပါ ။
-Computer Management Window ပေါ်လာလျှင် Device Manager ကိုရွေးပါ ။

  • Device Manager ကိုဖွင့်ပြီးသွားလျှင် Driver Install လုပ်လိုသော Device ကို Right Click နှိပ်ပါ ။Update Driver Software ကိုရွေးပါ။ (ကျွန်တော် Android Adapter ADB Interface နဲ့ ဥပမာ ပြပါမယ် ။)

-Internet မှ တိုက်ရိုက် Install လုပ်လိုလျှင် Search automatically for updated driver software ကိုရွေးပါ .
-ကွန်ပျူတာထဲမှာ ရှိပြီးသား Driver file (.inf)ကို Install လုပ်လိုလျှင် Browse My Computer For Driver Software ကိုရွေးပါ ။
အခုကွန်ပျူတာထဲမှာ ရှိပြီးသား ကို Install လုပ်မှာဖြစ်လို့ အောက်က Browse My Computer ကိုရွေးလိုက်ပါမယ်.

-Let me pick from a list of device drivers on my computer ကိုရွေးပါ ။

-Have Disk ကိုနှိပ်ပါ ။
-Browse ကို နှိပ်ပါ ။
-သွင်းလိုတဲ့ Driver File (.inf) ကိုရွေးပေးပြီး Open ကိုနှိပ်ပါ ။
-OK ကိုနှိပ်ပါ .

Driver file (.inf) ထဲတွင်ပါသော Driver အမျိုးအစားများရွေးခိုင်းလိမ့်မည် .

ဒီနေရာမှာ ကိုယ့်ဖုန်းက ဘယ်အခြေအနေ မှာ ချိတ်ထားတာလဲ သိရပါမယ် ။ ပုံကို ကြည့်ပါ ။
ကျွန်တော့ဖုန်းက Normal Mode , Adb Mode မှာ ချိတ်ထားတာဖြစ်လို့ Android ADB Inerface ကိုရွေးပြီး Next ကို နှိပ်လိုက်ပါမယ် ။ Warning စာ တက်လာပါတယ် ။ လုပ်မှာလား မလုပ်ဘူးလားဆို လုပ်မယ် YES ကို ရွေးပေးလိုက်ပါ ။
Install လုပ်နေပါတယ် ။

Install လုပ်တာ အောင်မြင်ပါပြီ ။

  • Window 64Bit တွေမှာ Driver Install လုပ်ရင် Signature (catalog) မပါတဲ့ Driver တွေကို Install လုပ်လို့မရပါဘူး ။ ဥပမာ . MTK VCOM Driver , Qualcomm Driver , SPD VCOM Driver
  • Install လုပ်ချင်ရင် ကွန်ပျူတာရဲ့ Device Signature Check ကို Disable အရင်လုပ်ပြီးမှ Install လုပ်ရပါတယ် ။

(ပုံနှင့်တကွ ကြည့်လိုလျှင် pdf ကို ဒေါင်းကြည့်ပါ )

Download Here

0 comments:

Post a Comment