Showing posts with label Batch. Show all posts
Showing posts with label Batch. Show all posts

Tuesday, August 9, 2016

Thursday, July 7, 2016

Batch File ရေးသားခြင်း ၂ ( Hello World Program တစ်ခုစတင်ခြင်း )

Image result for Batch file

Notepad ကိုသုံးပြီး Hello world Program တစ်ခုရေးကြပါမယ်။ Notepad ကိုဖွင့်လိုက်ပါ။ အောက်မှာကျွန်တော်ရေးထားသလို Notepad ထဲမှာရေးထည့်ပေးပါ။
@echo off
echo Hello World.
Pause
အပေါ်ကပေးထားတဲ့ ကုဒ်သုံးကြောင်းကို Notepad မှာရေးထည့်ပါ။ ပြီးရင် Ctrl + S ကိုနှိပ်ပြီး Hw.bat ဆိုပြီးသိမ်းပေးပါ။

 
Save တာကိုအလွယ်တကူရှာတွေ့မယ့် Desktop ပေါ်မှာဆိုပိုအဆင်ပြေပါမယ်။ အခု save လုပ်ထားတဲ့ Program ကို Run ကြည့်ပါ။ အပေါ်ကလိုလေးပါ။
ရေးသွားတဲ့ code တွေကိုပြန်ကြည့်မယ်ဆိုရင် @echo off ကတော့ ရှေ့ကနေပေါ်နေမယ့် C:\Users:\... အစရှိတဲ့ Resuorce Path တွေကို ရှင်းပစ်ဖို့ပါ။
echo Hello World ဆိုတာကတော့ Batch file Program တိုင်းမှာ ကိုယ်ဖော်ပြချင်တဲ့ စာသားတွေရဲ့ရှေ့မှာ echo ထည့်ပေးရတာပါ။
 ဒီမှာတော့ Hello World ကိုဖော်ပြပေးချင်လို့ Hello World ရှေ့မှာ echo ကိုခံပေးထားတာပါ။ echo မပါပဲ Run ကြည့်ပါ။
"Hello is not regonized as an external or internal command"ဆိုပြီး ပြနေမှာပါ။
အောက်ဆုံးက Pause ကတော့ အလုပ်ဆက်မလုပ်တော့အောင် ရပ်လိုက်တာပါ။ Program ကို Run အပြီး Press any key to continue ဆိုရင် Key တစ်ခုခု
နှိပ်ပေးလိုက်ပါ။ Program ကပိတ်သွားပါလိမ့်မယ်။ ဒီ Program မှာတော့ နောက်ထပ်အလုပ်ထပ်ထည့်မထားလို့ချက်ချင်းပိတ်သွားတာပါ။ အလုပ်ထည့်ထား
တယ်ဆိုရင် Key ကိုနှိပ်လိုက်တာနဲ့ နောက်အလုပ်တစ်ခုကိုဆက်သွားမှာပါ။
Hello World နေရာမှာ အခြားမိမိဖော်ပြချင်တဲ့ နာမည်တွေကို ဖော်ပြလို့ရပါတယ်။ တစ်ကြောင်းနဲ့တစ်ကြောင်း ခြားနေစေချင်ရင်တော့
echo. ဆိုတာလေးနဲ့ခြားပေးလို့ရပါတယ်။ စမ်းကြည့်ပါဦး။ အမြင်ရှင်းသွားတာပေါ့။

Batch File ရေးသားခြင်း ၁


Image result for Batch file 

Batch File ဆိုတာ Command line တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Program စနစ်တစ်ခုဖြစ်ပါတယ်။ Batch file ကို ရေးသားဖို့အတွက် ဘာ Programming Toolkit ကိုမှ Download ယူစရာမလိုပါဘူး။ Window မှာ ပါတဲ့ System application တစ်ခုလဲဖြစ်တဲ့" အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ Notepad ကိုအသုံးပြုပြီးရေးမှာပါ။ Batch file အနေနဲ့သိမ်းမှာဖြစ်တဲ့အတွက် သိမ်းတဲ့ဖိုင်များကို နောက်က .bat ခံပေးရပါမယ်။
Batch file ကိုမလေ့လာခင်မှာ Window မှာရှိတဲ့ Cmd သုံးနည်း ကိုလေ့လာပါမယ်။ Window Key + R ကိုနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ။
ပြီးရင် Runbox ထဲမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အတိုကောက်ပြောရင် Win+R >> cmd ပါ။
ဒါဆိုရင်တော့ေCommand box လေးကျလာမှာပါ။

 cmd Box လေးပေါ်လာရင်တော့ အောက်ကကျွန်တော်ရေးပေးတဲ့ command တွေကို တစ်ကြောင်းချင်းစီစမ်းရိုက်ကြည့်ပါ။

cls လို့ရိုက်ပြီး Enter ခေါက်ပါ။ Enter ခေါက်လိုက်တာနဲ့ တပြိုင်နက် အပေါ်က Run ထားတဲ့ command တွေအကုန်လုံးကိုရှင်းထုတ်ပေးမှာပါ။
ဒါကြောင့် cls က ကိုယ် run ထားတဲ့ command တွေများလာရင် ရှုပ်မှာစိုးလို့ ရှင်းထုတ်ပစ်တဲ့ command ဆိုတာသိထားရပါမယ်။
နောက် command တစ်ခုကတော့ echo off ဖြစ်ပါတယ်။ echo off ရိုက်ပြီး enter ခေါက်ကြည့်ပါဦး။ Enter ခေါက်လိုက်တာနဲ့ C:\Users:\... အစရှိတဲ့
Resource path တွေအကုန်လုံး ဖျောက်ပေးမှာဖြစ်ပါတယ်။  Batch Program တစ်ခုမှာ echo off မပါရင် ကြည့်ရတာမျက်စိနောက်စရာပါ။
ဒါကြောင့် Resource path တွေကို echo off သုံးပြီးဖျောက်ပစ်နိုင်ပါတယ်။ တကယ်လို့ စောစောက Resource Path ကိုပေါ်စေချင်တယ်ဆိုရင်တော့
echo on ဆိုပြီးပြန်ရိုက်ကြည့်လိုက်ပါ။
နောက် command တစ်ခုကတော့ pause ပါ။ command box မှာ pause ရိုက်ပြီး enter ခေါက်ကြည့်ပါ။ Press any key to continue... ဆိုပြီးရပ်နေပါမယ်။ ဒါကတော့ ရှင်းပါတယ်။
အလုပ်တစ်ခုလုပ်နေတယ်  တစ်ဝက်လောက် အလုပ်လုပ်ပြီးရင် ရပ်နေစေချင်တယ်။ ဒါဆိုရင် pause ကိုသုံးပါတယ်။ ကျန်တဲ့အလုပ်တစ်ဝက်ကိုထပ်လုပ်စေချင်ရင်တော့.
Press any key to continue... ဆက်လက်လုပ်ဆောင်ဖို့မည်သည့်ခလုတ်ကိုမဆိုနှိပ်ပါတဲ့။